ကြယ်စင်သစ်ရဲ့  ကဗျာဏ္ဍမှကြိုဆိုပါ၏

Tuesday, July 29, 2008

လျှို့ဝှက်အချစ်


ပန်းလေးတပွင့် ငါ့နှလုံးသားမှာ
ရှင်သန်ဖူးပွင့် ချစ်ခဲ့ဖူးပြီ
လူသူမသိ ဖုံးကွယ်လျှို့ဝှက်
သိုဝှက်သိမ်းထား ရင်ခုန်ခြင်းများ
ငါ့၏ရင်မှာ ချစ်ခြင်းများစွာ
ချစ်သူမင်းလေး သိနိုင်မလား
ငါအကြိမ်ကြိမ် အော်ဟစ်ငိုကြွေး
ရင်မှာလွမ်းမိ ခံစားနေလည်း
ကောင်မလေးရေ သိနိုင်မလား
ဒါပေမယ့်လေ
မဟူရာကောင်းကင်
ကြယ်ကလေးတွေနဲ့ ညဦးယံမှာ
ငွေစန္ဒာကို မင့်တစ်ယောက်ကို
ချစ်တဲ့အကြောင်း သက်သေတည်လို့
သူတို့တွေတောင် ငါ့ကိုသိပြီး
သနားနေပြီ
ကောင်မလေးရေ
မင့်တစ်ယောက်က ရယ်စရာတစ်ခုလို
ဟားနေရင်လဲ ငါ့မှာကျေနပ်
မင့်လေးအပြုံး မင့်ရဲ့အလှ
မင့်တစ်ယောက်ကို တစ်ကမ္ဘာမမုန်း
သက်ထက်ဆုံးထိ ချစ်မယ့်သူပါ

KAO's poem

Friday, July 25, 2008

မြေနီလမ်း


မင့်လေးမရှိတဲ့ နေညိုချိန်တိုင်းမှာ
ရာင်စုံခြယ် မိုးတိမ်သားများနဲ့
လွမ်းငွေ့ဝေလေပြေညှင်းတို့ကြား
မြေနီလမ်းတခုရဲ့အဝေးကတစ်နေရာမှာ
ချစ်သူ မင်းလေးတစ်ယောက်
လျှောက်လှမ်းလာမလားလို့
အချိန်ကလတခုအထိငေးမောနေမိတယ်

အတိတ်တွေက ကျန်ခဲ့ပေမယ့်
နှစ်ကိုတူ အတူလျှောက်လှမ်းခဲ့ဖူးတဲ့
မြေနီလမ်းလေးရဲ့နေရာတချို့မှာ
ချစ်သူရဲ့အရိပ်ငွေ့များကျန်နေမလား
တမ်းတငေးမော လွမ်းဆွတ်ရတာ
စက္ကန့်တိုင်းနဲ့အမျှပါ ချစ်သူ

သိပ်ချစ်ရတဲ့ချစ်သူလေးရေ
မင်းလေးရဲ့ ရင်မှာလွမ်းတတ်ခဲ့ရင်
အတိတ်ဆိုတာဟောင်းသွားပေမယ့်
မနက်ဖြန်ဆိုတဲ့နေရက်တိုင်းမှာ
လွမ်းငွေ့ဝေ မြေနီလမ်းလေးရဲ့
စောင့်မျှော်နေသူထံ
လျှောက်လှမ်းခဲ့ပါချစ်သူရယ်----

Saturday, July 19, 2008

သူဖန်ဆင်းသောဘဝ


သဲကန္တာရဆိုတာ အိုအေစစ်မရှိဘဲ
ဘယ်လိုမှ မလှနိုင်ဘူး
ကောင်မလေးရေ
မင်းမရှိတဲ့ ကိုယ်ဘ၀ကလည်း
အိုအေစစ်မရှိတဲ့ သဲကန္တာရ တစ်ခုလိုပါပဲ
လွမ်းငွေ့တွေထွက်နေပြီး ပူးပြင်းခြောက်သွေ့စွာ
နှလုံးသားတစ်ခုလုံး လောင်ကျွမ်းမတတ်ခံစားရတယ်
မသိခြင်းများစွာနဲ့ စတင် ဖွဲ့နှေင်ခဲ့တဲ့
သံယောဇဉ် ဇာတ်လမ်းတပုဒ်ကလည်း
ကိုယ့်အတွက်တော့ ပူပြင်းခြောက်သွေ့တဲ့
သဲကန္တာရတစ်ခုဖြစ်သွားပါပြီ
ရင်ထဲကလျှို့ဝှက်ချက်တစ်ခုပေါ့
မင်းလေးနဲ့စတွေ့တဲ့အချိန်က မင်းကြည့်ခဲ့
မျက်ဝန်းတစုံက ငါ့ရဲ့နှလုံးသားကိုပစ်ခွင်းလိုက်တဲ့မြှားတစ်စင်းပါ
မင့်နဲ့စတွေ့တဲ့အချိန်ကပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့ စကာတခွန်းက
နှုတ်နဲ့ပြောခဲ့ပေမယ့် နှလုံးသားထဲကလာတဲ့ စကားပါ
အခုလည်းထပ်ပြောပါရစေ
ကောင်မလေးရေမင်းလေးကိုအရမ်းချစ်တယ်
ကိုယ့်ဘ၀က မင့်လေးဖန်ဆင်းပေးမှ လှပနိုင်မှာပါ
မင့်လေးက ကိုယ်နားမှာရှိတဲ့အခါကိုယ့်ဘ၀က ပျော်ရွှင်မှုတွေနဲ့
မင်နဲ့ဝေးတဲ့အခါ မင်းမရှိတဲ့အခါ ကိုယ့်ရဲ့နှလုံးသားက
ကန္တာရတခုလိုပူပြင်းခြောက်သွေ့ရတယ်
ကောင်မလေးရေ
ကိုယ်ရဲ့နှလုံးသားမှာ ဖြစ်ပေါ်နေတဲ့ ပူပြင်းတဲ့ကန္တာရကို
မင်လေးရဲ့အချစ်အိုအေစစ်လေးနဲ့လှပအောင်ဖန်တီးလည့်ပါ -----

Sunday, July 13, 2008

ချစ်တော်ဝင်


နှလုံးသားလွင်ပြင်မှာ
အချစ်တွေကိုတူးဆွ
အလွမ်းတွေကိုဘောင်ခတ်
မျှော်လင့်ခြင်းတွေဆွတ်ဖြန်းပြီး
တစ်သက်မှတခါ
ရှင်သန်ဖူးပွင့်ရမယ့်
အချစ်တော်ဝင်ပန်းလေးမို့ 
ကောင်မလေးရေ
မင့်လေးကိုဆက်သခွင့်ရမယ်ဆိုရင်
မင့်ရဲ့ အချစ်
ကြင်နာယုယမှုတွေနဲ့
မင့်ရဲ့  နွေးထွေးတဲ့ရင်ခွင်မှာ
ထာဝစဉ်ရှင်သန်ဖူးပွင့်ခွင့်ပေးပါ

နူးညံ့တယ်ဆိုတာထက်ချစ်ခြင်းသက်သက်နဲ့ ပိုပြီး ဖွဖွလေးချစ်နေတာပါ

ဆောင်းရာသီနေ့ရက်


နေရောင်ပျောက်တဲ့  နံနက်ခင်းမှာ
နိုးထခြင်းနဲ့ အတူ
ပြင်တင်းပေါက်ကိုဖွင့်ကြည့်တော့ 
ရိုးတန်ကျဲကျဲ သစ်ပင်တွေကြားမှာ
အဖြူရောင်နှင်းတွေတဖွဲဖွဲကျလို့ 
ဆောင်ရာသီလေပြေညှင်းက
ချမ်းအေးမှုနှင့်အဝေးက
အလွမ်းတွေကိုဆာင်ယူခဲ့ တယ်
ကောင်မလေးရေ
မျှော်လင်းခြင်းတွေအပြည့်နဲ့ 
ဆောင်ရာသီရဲ့ အအေးဒဏ်ကို
အဖြူရောင်မြူနှင်းတွေနှင့်ရင်ဆိုင်လိုက်ချင်တယ်
တကယ်တမ်းတော့ ဆောင်းရာသီနေ့ရက်တွေက
မျှော်လင်းခြင်းတွေပြည့်နေတဲ့ 
အလွမ်းကမ္ဘာကြီးတခုလိုပါဘဲကွာ
ကောင်မလေးရေ
ရှည်လျားတဲ့ ဆောင်ရာသီရဲ့ နေ့ရက်တွေမှာ
အဖြူရောင်မြူနှင်းတွေနဲ့ အတူ
မင်းတစ်ယောက်ထဲကိုဘဲလွမ်းနေမိတယ်ဆိုတာ
ယုံကြည်ပေးပါ
ချစ်သူနဲ့တစ်ရက်တစ်မနက်လောက်ဝေးကွာနေတဲ့အခါရင်ထဲမှာအလွမ်းတွေကိုထမ်းပိုးထားရတာပင်ပန်းလိုက်တာ

တစ်ယောက်ထဲအလွမ်း


ကောင်မလေးရေ
လွမ်းရတဲ့ ညများစွာမှာ
သန်းခေါင်ယံငွေလမင်းနဲ့ အတူ
ကြယ်စဉ်ကိုရေတွက်ရင်း
အိပ်မောကျခဲ့ ရသူပါ
ကောင်မလေးရေ
သတိရမိတဲ့ မနက်တိုင်းမှာ
အေးမြတဲ့ လေပြေညှင်းနဲ့ အတူ
ငှက်ကျေးရဲ့ တေးသံကိုနားထောင်ရင်း
နိုးထလာခဲ့ရသူပါ
ကောင်မလေးရေ
လွမ်းဆွေးရတဲ့ နေညိုချိန်မှာ
တစ်ယောက်ထဲအထီးကျန်ဆန်ခြင်းနဲ့ အတူ
ဝေးကွာလွန်းတဲ့ မိုးနဲ့ မြေကြီးကိုကြည့်ရင်း
မိုးကုပ်စက်ဝိုင်းတနေရကိုသွားချင်နေခဲ့ သူပါ---
အိပ်မက်တွေကိုမသင်္ကာလိုခိုးကြည့်ခဲ့တာချစ်သူကလှတယ်

ချစ်သူ့ ကဗျာ


မြင်နိုင်မယ်ဆို ကြည်လည့်ပါ
ချစ်သူရယ်
ရင်ထဲကနှလုံးသားကမ္ဘာငယ်က
အချစ်သူရဲကောင်းတွေလို
အချစ်ကမ္ဘာကြီးလို့  မတင်စားလောက်ပေမယ်.
ချစ်သူအတွက် သီသန့်ချစ်ကမ္ဘာလေးပါ
ကြားနိုင်မယ်ဆို နားဆင်လည့်ပါ
ချစ်သူရယ်
ရင်ထဲက မင့်ပုံရိပ်တွေထပ်နေတဲ့ 
နှလုံးခုန်သံတွေက
ကမ္ဘာကျော်ဂီတသံစဉ်တွေလောက် မချိုမြိန်ပေမယ့်
ချစ်သူအတွက် မျှော်လင့်ခြင်းရင်ခုန်သံစဉ်တွေပါ
ယုံကြည်မှုတွေပေးနိုင်မယ်ဆို ပေးခဲ့ ပါ
ချစ်သူရယ်
မျှော်လင့်ခြင်းတွေရှေ့ဆက်ပြီ ရင်ခုန်ခြင်းတွေနဲ့ 
ချစ်သူရဲ့ အချစ် ၊ကြင်နာမှုတွေကို ရချင်ခဲ့မှုတွေက
ကမ္ဘာကျော်စာရေးဆရာတွေလောက်မရေးဖွဲ့ မသီကုံးတတ်ပေမယ့်
ချစ်သူအတွက်ကြိုးစားပြီးရေးခဲ့ တဲ့ ကဗျာတစ်ပုဒ်ပါ---ံ့
ကောင်မလေးရေအိပ်မပျော်တဲ့ ညများစွာရဲ့ အရှင်သခင်ဟာမင်းလေးပါပဲ
အလည်လာကြသောသူငယ်ချင်းများကို ကျေးဇူးတင်ရှိပါသည်